Membership

အသင်းဝင်ဖြစ်ရန် အရည်အချင်းသတ်မှတ်ချက်

အသင်း၀င်များသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
အရည်အချင်းပြည့်ဝသော အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် အနုညာတခုံသမာဓိသင်တန်း တက်ရောက်အောင်မြင်ပြီးသူ (သို့) သက်ဆိုင်ရာ အသိပညာ၊ အတတ်ပညာနယ်ပယ်နှင့် ပတ်သက်၍ ကျွမ်းကျင်တတ်မြောက်သူ  ဖြစ်ရမည်။

အသင်း၀င်ရန်နည်းလမ်း

အောက်ပါအတိုင်းအသင်း၀င်ရောက်နိုင်ပါသည် …

Step 1

MAC နှင့် CMA ရုံးများတွင် လျှောက်လွှာရယူ၊ ဖြည့်သွင်းခြင်း

Step 2

CMA ၏ လျှောက်လွှာစိစစ်ရေး
အဖွဲ့မှ အတည်ပြုခြင်း

Step 3

သတ်မှတ်ထားသည့် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းခြင်း

CMA အသင်းဝင်များ၏ အကျိုးခံစားခွင့်များ
  • MAC နှင့် CMA Website တွင် စာရင်းဝင် (Listed) အဖြစ်ဖော်ပြပေးခံရခြင်း၊
  • MAC အနုညာတ ခုံသမာဓိ ခုံရုံးများတွင် ခုံရုံးအဖွဲ့ဝင်အဖြစ် ဖြစ်စေ၊ အကျိုးဆောင် Consul အဖြစ်ဖြစ်စေ ပါဝင်ဆောင်ရွက်ခွင့် ရရှိခြင်း၊
  • MAC နှင့် CMA မှ ပို့ချသော သင်တန်း၊ ဟောပြောပွဲ အစရှိသည်တို့တွင် အခမဲ့ဖြစ်စေ၊ သက်သာသောနှုံးထားဖြင့် ဖြစ်စေ တက်ရောက်ခွင့် ရှိခြင်း၊
  • MAC နှင့် CMA တို့၏ လူမှုရေးလှုပ်ရှားမှု Corporate Social Responsibility များတွင် ပါဝင်ခွင့် ရှိခြင်း၊
  • အနုညာတ ဆိုင်ရာ ပြည်ပ အစည်းအဝေးနှင့် သင်တန်း တက်ရောက်ခွင့် ရှိခြင်း၊
  • တယောက်အတွက် အများ၊ အများအတွက် တယောက် One for all, All for one အသိတရားဖြင့် အတ္တပရ မျှတစွာ ဆောင်ရွက်ခွင့်ရှိခြင်း၊
အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး
  • အသင်းဝင်ကြေး၊ တစ်သိန်းကျပ်တိတိ (၁၀၀,၀၀၀ိ/-)
  • နှစ်စဉ်ကြေး၊ ၅ သောင်းကျပ်တိတိ (၅၀,၀၀၀ိ/-)