မြန်မာနိုင်ငံတွင် အနုညာတဗဟိုဌာန အဖြစ် ခိုင်မာစွာ ရပ်တည်လျက်ရှိသည့် မြန်မာနိုင်ငံ အနုညာတ ဗဟိုဌာန (Myanmar Arbitration Centre) ကို UMFCCI အဖွဲ့ချုပ်၏ လမ်းညွှန်အားပေးမှုဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းစဉ်ကပင် မြန်မာနိုင်ငံ အနုညာတ ဗဟိုဌာန၏ Founding Father ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်း သည် မြန်မာ အနုညာတ ခုံသမာဓိအဖွဲ့ (College of Myanmar Arbitrators) ကို ဖွဲ့စည်းရန် ရည်မှန်းထားခဲ့ပါသည်။ ရည်ရွယ်ချက်မှာ Myanmar Arbitration Centre (MAC) ကို အထောက်အကူ ပြုပေးသည့် Twin Institution အဖြစ် ရပ်တည်ပြီး အပြန်အလှန် အကျိုးပြုစေသည့် ဆက်သွယ်မှုမျိုး Symbiotic Relationship ရရှိစေရန် ဖြစ်ပါသည်။ ထိုရည်မှန်းချက်နှင့်အညီ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းသည် အနုညာတ ခုံသမာဓိ သင်တန်း အပတ်စဉ် (၁) မှ (၆) သင်တန်းဆင်း များ၏ တခဲနက် ကူညီမှုဖြင့် College of Myanmar Arbitrators (CMA) အသင်းကြီးအား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် Company Name: College of Myanmar Arbitrators Co., Ltd. by Guarantee (Registration No: 141618008) ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
College of Myanmar Arbitrator (CMA) အသင်းကြီးတွင် ၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ အထိ အသင်းဝင် အသင်းသားဦးရေ (၃၅၁) ဦး ရှိနေပြီ ဖြစ်ပါသည်။ သရုပ်ပြ အနုညာတ ခုံရုံး ကိုလည်း ယနေ့အထိ နှစ်ကြိမ် ကျင်းပပြီး ဖြစ်သည့်အပြင် အသင်းဝင်များ အကျိုးအတွက် အနုညာတ ခုံသမာဓိ အထောက်အကူပြု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက် ရှိနေပါသည်။ အသင်းကြီး၏ ဆောင်ပုဒ်မှာ ကိုယ်ကျင့်သိက္ခာ၊ အမှန်တရား နှင့် ဉာဏ်ပညာ (Ethics, Truth, Wisdom) ဖြစ်ပြီး အသင်းကြီး၏ အမှတ်တံဆိပ်မှာ ပုံပါအတိုင်း ဖြစ်ပါသည်။ အသင်းကြီး၏ Theme Song မှာ “အနုညာတ ပန်းခင်း (သို့) CMA တို့လာပြီ” ဖြစ်ပါသည်။ ယင်းသီချင်းကို ဒုတိယ ဥက္ကဋ္ဌ ဦးတင်မောင်စိန်က ခံစားရေးဖွဲ့သီကုံးပါသည်။
မြန်မာအနုညာတခုံသမာဓိများအဖွဲ့ College of Myanmar Arbitrators – CMA အသင်းကြီးကို အောက်ပါရည်ရွယ်ချက်များနှင့် ဖွဲ့စည်းတည်ထောင်ထားပါသည်။
CMA ၏ Board of Governors အား Founding Father ဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းနှင့် CMA တည်ထောင်သူ (Founding Members) များဖြင့် ဖွဲ့စည်းထားပြီး Board of Governors များ၏ ဦးဆောင်မှုဖြင့် အောက်ပါဆပ်ကော်မတီများအား ဖွဲ့စည်းထားရှိပါသည်။
