
College of Myanmar Arbitrators (CMA) ၏ ပထမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး (First AGM) ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ဤ AGM သည် အသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးကြီးသော အခမ်းအနားတစ်ခု ဖြစ်သဖြင့် CMA အသင်းဝင်များအားလုံး တက်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အခမ်းအနားသို့ တက်ရောက်မည့် အသင်းဝင်များအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ အောက်ပါ Registration Link မှတစ်ဆင့် ကြိုတင်အမည်စာရင်းပေးသွင်းနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
https://forms.cloud.microsoft/r/Z4rRfsQF59
