Ethics, truth & wisdom

About CMA

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန (Myanmar Arbitration Centre – MAC) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းနှင့်တကွ MAC ၏ အနုညာတခုံသမာဓိသင်တန်းအပတ်စဉ် ၁ မှ ၆ အထိ သင်တန်းသူ/သားများသည် Arbitration ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများကို တွင်ကျယ်စွာဆောင်ရွက်နိုင်ရေးအတွက် CMA အသင်းကြီးအား အောက်ပါရည်ရွယ်ချက်ကောင်းများဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

College of Myanmar Arbitrators

မြန်မာအနုညာတခုံသမာဓိများအဖွဲ့ College of Myanmar Arbitrators – CMA အသင်းကြီးကို အောက်ပါရည်ရွယ်ချက်များနှင့် ဖွဲ့စည်းတည်ထောင်ထားပါသည်။

CMA ၏ ရည်ရွယ်ချက်များ

  • တရားမျှတ၍ ဘက်မလိုက်သော အနုညာတခုံသမာဓိအသင်းအဖွဲ့ကြီး ပေါ်ထွန်းလာစေရန်၊
  • မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများရှိ အနုညာတခုံသမာဓိနည်းဖြင့်ဖြေရှင်းသည့် အဖွဲ့အစည်း (Institution) များအား လုပ်ငန်းကျွမ်းကျင်သော၊ ဘက်မလိုက်သော၊ အဂတိကင်းရှင်းသော၊ သာတူညီမျှတရားစီရင်ရေးစ နစ်အား ဖေါ်ဆောင်နိုင်သော ခုံသမာဓိကောင်းများ မွေးထုတ်၍ ထောက်ပံ့ကူညီပေးနိုင်ရန်။
  • အနုညာတခုံသမာဓိနည်းဖြင့် ဖြေရှင်းခြင်းနည်းပညာ တိုးတက်မြင့်မားရေး၊ အသင်းဝင်များ ကြုံတွေ့နေရ သည့်အခက်အခဲများအား ကူညီဖြေရှင်းပေးရေး၊ လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ပေးရေးတို့ အတွက် အသင်းဝင်များနှင့် အခြားအကျိုးတူ မိတ်ဖက်များနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်သွယ် ဆွေးနွေးရာ နေရာအဖြစ် ဆောင်ရွက်ပေးရန်။
  • အသင်းဝင်များကိုယ်စား ယင်းတို့၏အမြင်နှင့် အယူအဆများကို အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများသို့ ကိုယ်စားပြုတင်ပြပေးရန်နှင့် အသင်းဝင်များသို့ ဖြန့်ဝေပေးရန်၊
  • အသင်းဝင်များအားလုံး လိုက်နာကျင့်သုံးသင့်သည့်လုပ်ငန်းဆိုင်ရာ စံချိန်စံ ညွှန်းများချမှတ်ရန်၊ အမှန်တကယ် လိုက်နာစေရေးအတွက် ကြီးကြပ်လမ်းညွှန်ပေးရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန်၊
  • အနုညာတခုံသမာဓိနည်းဖြင့် ဖြေရှင်းခြင်းနည်းပညာ ဖွံဖြိုးတိုးတက်စေ ရန်အတွက် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် စံချိန်စံညွန်း (Myanmar Standard) သတ်မှတ်နိုင်ရန်၊ အစိုးရဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အတတ် ပညာရှင်များနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန်၊
  • အနုညာတခုံသမာဓိများနှင့် သက်ဆိုင်သည့် ပြည်တွင်းနှင့်ပြည်ပမှ အလားတူအသင်းအဖွဲ့များ၊ သုတေသနဌာနများ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များအား လုပ်ငန်း ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန်၊
  • အနုညာတခုံသမာဓိကျောင်းများ၊ သင်တန်းများ၊ မွမ်းမံသင်တန်းများ၊ အနုညာတခုံသမာဓိနည်းဖြင့် ဖြေရှင်းခြင်းနှင့်ပတ်သက်သော ဥပဒေပညာရပ်များ၊ အခြားပညာရပ်များ၊ အခြားကျွမ်းကျင်မှုအတတ်ပညာများ၊ အခြားနည်းပညာ ရပ်များနှင့် ပတ်သက်သည့် သင်တန်းအမျိုးမျိုး ဖွင့်လှစ်ရန်၊
  • လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန်၊
  • အနုညာတခုံသမာဓိနည်းဖြင့် တရားစီရင်ခြင်းနှင့်ပတ်သက်သည့် စာအုပ်စာ တမ်းများ၊ သတင်းစဉ်များ၊ လစဉ်ထုတ်စာစောင်များ၊ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းများပြုလုပ်ရန်နှင့် အနုညာတခုံသမာဓိနည်းဖြင့် တရားစီရင်ခြင်းနည်းပညာ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ဟောပြောပို့ချမှုများ၊ ပြပွဲများ၊ သရုပ်ပြပွဲများ၊ သင်တန်းများအား အခါအားလျော်စွာ စီစဉ်ဆောင်ရွက်ပေးရန်၊
  • မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဌာန (Myanmar Arbitration Centre) (MAC) ကို စနစ်ကျန၍ အားကောင်းခိုင်မာသည့် အနုညာတစီရင်ဆုံးဖြတ်ခြင်းအဖွဲ့အစည်း ဖြစ်လာစေရေးနှင့် MAC ၏ဆောင်ရွက်ချက် များကို အထောက်အကူပြုရန်၊

CMA ၏ ဖွဲ့စည်းပုံ

CMA ၏ Board of Governors အား Founding Father ဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းနှင့် CMA တည်ထောင်သူ (Founding Members) များဖြင့် ဖွဲ့စည်းထားပြီး Board of Governors များ၏ ဦးဆောင်မှုဖြင့် အောက်ပါဆပ်ကော်မတီများအား ဖွဲ့စည်းထားရှိပါသည်။

  • သတင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဆပ်ကော်မတီ
  • ဘဏ္ဍာရေးဆပ်ကော်မတီ
  • စာရင်းစစ်ဆပ်ကော်မတီ
  • နိုင်ငံတကာဆက်ဆံရေးဆပ်ကော်မတီ
  • ဥပဒေအကြံပေးဆပ်ကော်မတီ
  • အသင်းသားရေးရာနှင့်စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီ
  • ပညာရေးဆပ်ကော်မတီ
  • အသင်းအဖွဲ့စီမံခန့်ခွဲမှုဆိုင်ရာဆပ်ကော်မတီ