Membership

အသင်းဝင်ဖြစ်ရန် အရည်အချင်းသတ်မှတ်ချက်

အသင်း၀င်များသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
အရည်အချင်းပြည့်ဝသော အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် အနုညာတခုံသမာဓိသင်တန်း တက်ရောက်အောင်မြင်ပြီးသူ (သို့) သက်ဆိုင်ရာ အသိပညာ၊ အတတ်ပညာနယ်ပယ်နှင့် ပတ်သက်၍ ကျွမ်းကျင်တတ်မြောက်သူ  ဖြစ်ရမည်။

အသင်း၀င်ရန်နည်းလမ်း

အောက်ပါအတိုင်းအသင်း၀င်ရောက်နိုင်ပါသည် …

Step 1

MAC နှင့် CMA ရုံးများတွင် လျှောက်လွှာရယူ၊ ဖြည့်သွင်းခြင်း

Step 2

CMA ၏ လျှောက်လွှာစိစစ်ရေး
အဖွဲ့မှ အတည်ပြုခြင်း

Step 3

သတ်မှတ်ထားသည့် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းခြင်း

အသင်းဝင်များ၏ အကျိုးခံစားခွင့်များ
  • ပြည်တွင်းပြည်ပကျွမ်းကျင်သူများ ဦးဆောင်ပို့ချမည့် Arbitration နှင့် အခြားပညာရပ်ဆိုင်ရာသင်တန်းများ၊ နှီးနှောဖလှယ်ပွဲများနှင့် ညှိနှိုင်းပွဲများသို့ တက်ရောက်ခွင့်
  • အလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်တာဝန်ပေးချက်အရ အသင်း၏ လုပ်ငန်းအဖွဲ့ငယ်များတွင်လည်းကောင်း၊ ဆပ်ကော်မတီများတွင်လည်းကောင်း ပါဝင်ဆောင်ရွက်ခွင့်
  • CMA မှဖွင့်လှစ်သောသင်တန်းများအတွက် သင်တန်းကြေးသက်သာခွင့်များ
  • အခါအားလျော်စွာသတ်မှတ်သည့် အခြား‌သော အကျိုးခံစားခွင့်များ
အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး
  • အသင်းဝင်ကြေး၊ တစ်သိန်းကျပ်တိတိ (၁၀၀,၀၀၀ိ/-)
  • နှစ်စဉ်ကြေး၊ ၅ သောင်းကျပ်တိတိ (၅၀,၀၀၀ိ/-)