
မြန်မာအနုညာတခုံသမာဓိများအဖွဲ့ (CMA) နှင့် မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန (MAC) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက် မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရုံးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အဓိကအားဖြင့် အောက်ပါအချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည် –


အဆိုပါ တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဘက်မှ လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်များ၊ အာမခံချက်များ၊ တာဝန်ခံချက်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ဆုရည်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က လက်ခံ တွေ့ဆုံခဲ့ကြပါသည်။ CMA ဘက်မှ ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းနှင့်အတူ MAC မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဒေဝ၊ CMA ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်စိန်၊ PIU College CEO ဦးလင်းမြတ်ကို နှင့် CMA သတင်းထုတ်ပြန်မှုတာဝန်ခံ ဦးမျိုးလှိုင်အောင်တို့ တက်ရောက်ခဲ့ကြပါသည်။
