CMA Activities

အသင်း၏လုပ်ဆောင်မှု မှတ်တမ်းများ

အနုညာတခုံသမာဓိသင်တန်း အပတ်စဉ် (၁၁) ဖွင့်ပွဲ ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၁၁ — မြန်မာအနုညာတခုံသမာဓိများအဖွဲ့ (College of Myanmar Arbitrators) မှ စီစဉ်ဖွင့်လှစ်သည့် အနုညာတခုံသမာဓိသင်တန်း အပတ်စဉ် (၁၁) ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ အတွင်းဝန်များရုံး၌ စတင်ခဲ့ပြီး သင်တန်းသူ သင်တန်းသားစုစုပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနား၌ Myanmar Arbitration Center နှင့် College of Myanmar Arbitrators တို့၏ ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ မောင်မောင်သိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ရာ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ နိုင်ငံတကာတွင် Arbitration အရေးပါပုံ နှင့်အနုညာတခုံသမာဓိဆိုင်ရာ အတွေ့အကြုံများ၊ မြန်မာအနုညာတခုံသမာဓိများအဖွဲ့ ဖွဲ့စည်းပေါ်ပေါက်လာသည့် အကြောင်းအရာများနှင့် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ စနေ၊ တနင်္ဂနွေ နံနက်တိုင်း ၁၀ နာရီမှ ၁၂ နာရီအထိ ဆက်လက် ပို့ချသွားမည် ဖြစ်သည်။