CMA Activities

အသင်း၏လုပ်ဆောင်မှု မှတ်တမ်းများ

မြန်မာအနုညာတခုံသမာဓိများအဖွဲ့ မိတ်ဆက်ခြင်း နှင့် ဒုတိယအကြိမ် သရုပ်ပြအနုညာတခုံရုံး (Moot Arbitration Tribunal) ကျင်းပမည်

မြန်မာအနုညာတခုံသမာဓိများအဖွဲ့ (College of Myanmar Arbitration -CMA) သည် မြန်မာနိုင်ငံ၌ အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေဖြင့် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်း၊ အနုညာတစီရင်ဆုံးဖြတ်ချက်များ အသိပညာမျှဝေပေးခြင်းနှင့် ခုံသမာဓိများ ပေါ်ပေါက်လာစေရန်မွေးထုတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ခုံသမာဓိအဖြစ် ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များ၊ စိတ်ပါဝင်စားသူများ၊ လေ့လာဆည်းပူးလိုသူများဖြင့် ဖွဲ့စည်းထားသော “မြန်မာအနုညာတခုံသမာဓိများအဖွဲ့”(College of Myanmar Arbitrators- CMA) ကို ၂၀၂၄ ခုနှစ် တွင် ဖွဲ့စည်းခဲ့ပြီး ခုံသမာဓိအဖွဲ့ဝင်များ၏ လက်တွေ့ ဆောင်ရွက်နေသည့် အခြေအနေများ၊ စီရင်ဆုံးဖြတ်ရာတွင် မှတ်သားလိုက်နာရမည့်အချက်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် သရုပ်ပြအနုညာတခုံရုံး (Moot Arbitration Tribunal) ကို ၂၇.၆.၂၀၂၆ ရက်၊ စနေနေ့၊ နံနက် (၉) နာရီ၊ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်ဖြစ်၍ စိတ်ပါဝင်စားတက်ရောက်လိုသူများအနေဖြင့် Register link – https://forms.office.com/r/5JMnY43ign တွင် အမည်စာရင်းအား ၂၄.၆.၂၀၂၆ (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား ဖြည့်သွင်းတက်ရောက်နိုင်ပါသည်။