
ခုံသမာဓိသင်တန်း အပတ်စဉ် (၁၂)ကို ၉.၅.၂၀၂၆ ရက်နေ့ မှစ၍ အပတ်စဉ် စနေ၊တနင်္ဂနွေနေ့ များတွင် နံနက် ၁၀:၀၀ နာရီ မှ ၁၂:၀၀ နာရီအထိ (၁)လ သင်တန်းကို ရန်ကုန်မြို့ သိမ်ဖြူလမ်း အတွင်းဝန်ရုံး ၌ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်း မှ သင်ကြားပို့ချ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်လိုသူများသည် ပူးတွဲပါ Registration link https://forms.gle/CuChXnP1yr7BNkp6A တွင် အမည်စာရင်းဖြည့်စွက် ပေးပို့နိုင်ပါရန်နှင့် ပေးပို့လာသည့် form များအား အချက်အလက်များစိစစ်၍ သင်တန်းတက်ရောက်ခွင့်ရသူများကို E-mail, viber တို့ဖြင့် အကြောင်းကြားဆက်သွယ်ပြီး သင်တန်းကြေးပေးသွင်းရမည့်နေ့ရက်ကို ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကြေး ၂၅၀,၀၀၀ ကျပ်နှင့် ရင်ထိုး+စလွယ် အတွက် ၃၀၀၀၀ ကျပ် စုစုပေါင်း ၂၈၀,၀၀၀ ကျပ်ကို ပေးသွင်းရမည်ဖြစ်ပါသည်။
